လက်ပံတန်းမြို့နယ်၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေး
လက်ပံတန်း ဖေဖော်ဝါရီ ၈
ပဲခူးတိုင်းဒေသကြီး လက်ပံတန်း မြို့နယ်တွင် ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနနှင့် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း (လက်ပံတန်း)တို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး ဥပဒေဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းက GTI ကျောင်းခန်းမ၌ ကျင်းပသည်။
ဦးစွာ လက်ပံတန်း GTI ကျောင်းအုပ်ဆရာကြီး ဒေါက်တာ အောင်မျိုးဝင်းက အမှာစကား ပြောကြားပြီး စားသုံးသူရေးရာဦးစီး ဌာနမှ ခရိုင်ဦးစီးမှူး ဦးနိုင်လင်းထွန်းက စားသုံးသူကာကွယ်ရေး ဥပဒေ၊ စားသုံးသူ၏ အခွင့်အရေးများ၊ တာဝန်များ၊ လိုက်နာရမည့် စည်းကမ်းချက်များ၊ တိုင်ကြားနိုင်သည့် လုပ်ငန်းစဉ်နှင့် ပြစ်မှု ပြစ်ဒဏ်များကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments