ဇီးကုန်းမြို့နယ်တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲနှင့် စာအုပ်ပြပွဲကျင်းပ
ဇီးကုန်း ဖေဖော်ဝါရီ ၈
ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ်
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်ပြည်သူ့စာကြည့်တိုက်
လူထုအခြေပြုဗဟိုဌာနတွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အကြိုပန်းချီပြိုင်ပွဲနှင့်
စာအုပ်ပြပွဲကို ဖေဖော်ဝါရီ ၆ ရက်က ကျင်းပသည်။
ပြိုင်ပွဲတွင် ဇီးကုန်းမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)
ဝက်ကော်မှ ကျောင်းသား ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့် ပြိုင်ပွဲတွင်
ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူများအား မြို့နယ်ဦးစီးအရာရှိ ဒေါ်မာမာဦးနှင့်
တာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးအပ်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက
ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြောင်း
သိရသည်။
တင့်ဆွေ(ပြန်/ဆက်)

No comments