တောင်ကြီးမြို့နယ် ဆူးပုတ်ကွေ့ကျေးရွာ၌ ရုရှားနေကြာ စိုက်ပျိုးထားရှိမှု တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု
တောင်ကြီး ဖေဖော်ဝါရီ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်
ဆူးပုတ်ကွေ့ကျေးရွာရှိ သိန်းဓနထွန်း လယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ ရုရှားနေကြာမျိုး
စိုက်ပျိုးထားရှိမှု အခြေအနေများကို ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းတွင် တာဝန်ရှိသူများက
ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန
ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက စိုက်ခင်းအား ကြည့်ရှုရာတွင်
အပင်ပေါက်နှုန်းအား ကောင်းမွန်စေရေး၊ လိုအပ်သည့် အစိုဓာတ်ရရှိရန်အတွက် ရေသွယ်တန်းမှု၊
စိုက်နည်းစနစ်နှင့်အညီ စိုက်ပျိုးထားရှိမှုရှိ/မရှိ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ဝိုးတောင်း

No comments