မြောင်းမြမြို့၌ လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲ ကျင်းပ
မြောင်းမြ ဖေဖော်ဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့
စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းတွင် လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲကို
ဖေဖော်ဝါရီ ၆ ရက် နံနက် ၁၀ နာရီက ကျင်းပသည်။
ဦးစွာ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ
ကျောင်းအုပ်ကြီး ဒေါ်အေးအေးမြင့်က အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ
လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က “စာဖတ်ခြင်း၏အကျိုးကျေးဇူး”အား ဟောပြောခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကျင်းပရာ
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်ရူပါအေး၊ မြို့နယ်အားကစားမှူး
ဦးစိုင်းဝေလင်းနောင်၊ စာရေးဆရာ လရောင်လင်း (မြန်မာ့ဂုဏ်ရည်)နှင့် စိုက်/သိပ္ပံကျောင်းမှ
ကျောင်းသား ကျောင်းသူ လေးဦးတို့က ပါဝင်ဆွေးနွေးကြပြီး ခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး
ဦးစိန်မိုးက မြူခိုးငွေ့အကြောင်း အသိပညာဟောပြောခဲ့ကြောင်း သိရသည်။
ဇေယျာ(မြောင်းမြ)

No comments