ဟားခါးတက္ကသိုလ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပ
နေပြည်တော် ဖေဖော်ဝါရီ ၅
ဟားခါးတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကာတွန်းပြိုင်ပွဲများကို ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းက ဟားခါးတက္ကသိုလ် အဆောင်(၂) အခန်း(၁)၌ ကျင်းပသည်။
ပါဝင်ယှဉ်ပြိုင်
စာစီစာကုံးပြိုင်ပွဲကို “ညီညွတ်စုစည်း ပြည်ထောင်စုခရီး” ခေါင်းစဉ် ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲကို “ကမ္ဘာတည်သရွေ့ အဓွန့်ရှည်တည် မြန်မာပြည်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပန်းချီပြိုင်ပွဲကို “ညီနောင် လက်တွဲပြည်ထောင်စုပွဲ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကာတွန်းပြိုင်ပွဲကို “ပင်လုံအောင်ပွဲခြိမ့်ခြိမ့်သဲ” ခေါင်းစဉ်ဖြင့်လည်းကောင်း ကျင်းပပြီး ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၆ ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။
ပြိုင်ပွဲတွင် ဆုရရှိသူများအား ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျင်းပမည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဆုများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments