ကြားဖြတ်ကုန်သွယ်ရေး သဘောတူညီမှုမူဘောင် အမေရိကန်နှင့် အိန္ဒိယတို့ကြေညာ



နယူးဒေလီ    ဖေဖော်ဝါရီ    

အိန္ဒိယနှင့် အမေရိကန်တို့သည်  အပြန်အလှန်အကျိုးဖြစ်ထွန်းစေသော ကုန်သွယ်မှုအတွက်      ကြားဖြတ်ကုန်သွယ်ရေးသဘောတူညီချက် မူဘောင်ကိုရရှိခဲ့ကြောင်း ဖေဖော်ဝါရီ ၇  ရက်က ထုတ်ပြန်သည်။

အမေရိကန်ဘက်မှ အိန္ဒိယနိုင်ငံ၏ ကုန်ပစ္စည်းများအပေါ်  အပြန်အလှန်အခွန်ကောက်ခံမှု ၁၈   ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်သည်။ အဆိုပါကုန်ပစ္စည်းများထဲတွင်  ချည်မျှင်နှင့်အထည်လိပ်၊ သားရေနှင့် ဖိနပ်များ၊ ပလတ်စတစ်နှင့် ရော်ဘာ၊ အိမ်တွင်းအလှဆင်ကုန်ပစ္စည်းများ၊ လက်မှုပစ္စည်း များနှင့်   စက်ကိရိယာအချို့တို့ပါဝင်သည်ဟု     ပူးတွဲကြေညာချက်တွင် ပါဝင်သည်။ ပူးတွဲထုတ်ပြန် ချက်အရ နှစ်ဖက်စလုံးသည်   ယခုမူဘောင်ကို  ချက်ချင်းအကောင်အထည်ဖော် သွားမည်ဖြစ်ပြီး ကြားဖြတ်သဘောတူညီချက်ကို အပြီးသတ်နိုင်ရေး အတူတကွလုပ်ဆောင်သွားမည်ဟု ပါဝင်သည်။

ဆင်ဟွာ

No comments

Powered by Blogger.