ထရန်ဆဲလ်ဗေးနီးယားဗိုလ်လုပွဲတွင် ပြိုင်ဘက်ကို ရှုံးနိမ့်ပြီး ဖလားဆွတ်ခူးခွင့် ရာဒူကာနူ လွဲချော်
ဗြိတိန်နာမည်ကြီး တင်းနစ်မယ်
အမ်မာရာဒူကာနူသည် ထရန်ဆဲလ် ဗေးနီးယားအိုးပင်း အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင်
ပြိုင်ဘက် ရိုမေးနီးယားတင်းနစ်မယ် ဆိုရာနာ
ဆာစတီယာကို ရှုံးနိမ့်ခဲ့သည့်အတွက် ၂၀၂၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဖလားဆွတ်ခူးခွင့်နှင့်
လွဲချော်ခဲ့ပြီဖြစ်သည်။
ထရန်ဆဲလ်ဗေးနီးယားအိုးပင်းပြိုင်ပွဲသည်
ရိုးမေးနီးယားနိုင်ငံ ကလုဂျ်-နာပိုကာမြို့၌ ကျင်းပသည့် ဒဗလျူတီအေ ၂၅၀ အဆင့်ရှိ အမျိုးသမီးတင်းနစ်ပြိုင်ပွဲဖြစ်သည်။
အသက် ၂၃ နှစ် အရွယ် ဗြိတိန် နံပါတ်တစ် တင်းနစ်မယ် ရာဒူကာနူသည် ဗိုလ်လုပွဲတွင် အသက်
၃၅ နှစ်အရွယ် တင်းနစ်မယ် ဆာစတီယာကို ၆-၀၊ ၆-၂ ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ကာ ဖလားဆွတ်ခူးခွင့်
လွဲချော်ခဲ့ခြင်း ဖြစ်သည်။
ရာဒူကာနူသည် ၂၀၂၁ ခုနှစ်က
ယူအက်စ်အိုးပင်းဖလားပြိုင်ပွဲတွင် ဖလားဆွတ်ခူးရရှိပြီးနောက် အောင်မြင်မှုနှင့် အလှမ်းဝေးကွာ
နေသူဖြစ်သည်။ ရာဒူကာနူသည် ထရန်ဆဲလ်ဗေးနီးယားအိုးပင်း ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် ပြိုင်ဘက်ယူကရိန်းတင်းနစ်မယ်
အိုလက်ဆန်ဒရာ အိုလီနီကိုဗာကို သုံးနာရီနီးပါးကြာ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရပြီး ၇-၅၊ ၃-၆၊ ၆-၃ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ နောက်ဆုံး
ဗိုလ်လုပွဲသို့ တက်လှမ်းလာသူ ဖြစ်သည်။
ဆိုရာနာ ဆာစတီယာသည် ကွာတားဖိုင်နယ်တွင်
လက်ရှိချန်ပီယံ ဩစတြီးယားတင်းနစ်မယ် ပိုတာပိုဗာ၊ ဆီမီးဖိုင်နယ်တွင် ဒါရီယာ စနီဂါတို့ကို
အနိုင်ယူကျော်ဖြတ်ကာ နောက်ဆုံးဗိုလ်လုပွဲသို့ တက်လှမ်းလာသူ ဖြစ်သည်။ ဗိုလ်လုပွဲတွင်လည်း
ပြိုင်ဘက်ရာဒူကာနူကို ထပ်မံအနိုင်ယူကျော်ဖြတ် ကာ ထိုက်ထိုက်တန်တန်ဖလားဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
မိုးဇက်

No comments