အီကွေဒေါနိုင်ငံတွင် လှေနစ်မြုပ်မှုဖြစ်ပွားပြီးနောက် တစ်ဦးသေဆုံး၊ ၂၈ ဦး ကယ်တင်နိုင်



ဖေဖော်ဝါရီ ၂၁

အီကွေဒေါနိုင်ငံ ဂါလာပါဂေါကျွန်းစုရှိ ကမ်းခြေတစ်ခုဖြစ်သော တာတူဂါ ပင်လယ်အော်တွင် ခရီးသွားလှေတစ်စင်း နစ်မြုပ်မှုဖြစ်ပွားပြီးနောက် လူတစ်ဦးထက်မနည်းသေဆုံးပြီး ၂၈ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း အီကွေဒေါရေတပ်က ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါလှေ၏ကပ္ပတိန်နှင့် ပိုင်ရှင်သေဆုံးခဲ့ရာ ၎င်း၏ရုပ်အလောင်းကိုရှာဖွေတွေ့ရှိခဲ့ပြီး ဆိပ်ကမ်းသို့ ရွှေ့ပြောင်းသယ်ဆောင်ခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ပြောကြားခဲ့သည်။

ထိုလှေနစ်မြုပ်မှုမှကယ်ဆယ်ခံရသူ ၂၈ ဦးသည် လက်ရှိတွင် Puerto Ayora တွင် ဆေးကုသမှုခံယူလျက်ရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

အီကွေဒေါကမ်းရိုးတန်းမှ ကီလိုမီတာ ၉၇၀ ခန့်အကွာတွင် တည်ရှိသော ဂါလာပါဂေါကျွန်းစုများကို ယခုအခါ အီကွေဒေါ၏ အဓိကခရီးသွားနေရာများအနက် တစ်ခုအဖြစ် သတ်မှတ်ခံထားရပြီး သဘာဝ ကမ္ဘာ့အမွေအနှစ်နေရာအဖြစ်ကြေငြာခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.