ကမ္ဘောဒီးယား၌ ဒီဇယ်ဆီ၊ ဓာတ်ဆီနှင့်ဓာတ်ငွေ့တင်သွင်းမှုအပေါ် ဒေါ်လာ ၂၁၉ ဒသမ ၅ သန်း သုံးစွဲ
ဖနောင်ပင် ဖေဖော်ဝါရီ
၂၀
ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၂၆
ခုနှစ် ဇန်နဝါရီလအတွင်း ဒီဇယ်ဆီ၊ ဓာတ်ဆီနှင့် ဓာတ်ငွေ့စုစုပေါင်း တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၂၁၉ ဒသမ ၅ သန်းသို့ ရောက်ရှိလာကြောင်း သိရသည်။ အဆိုပါ အရေအတွက်မှာ ယမန်နှစ်ကထက် ၁ ဒသမ ၆ ရာခိုင်နှုန်းတိုးလာကြောင်း ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ
၂၀ ရက်တွင် ပြောကြားသည်။
ယခုနှစ် ဇန်နဝါရီလအတွင်း
ကမ္ဘောဒီးယားနိုင်ငံသည် ဒီဇယ်ဆီ တင်သွင်းခြင်းအတွက်
ဒေါ်လာ ၁၃၃ ဒသမ ၁ သန်း သုံးစွဲခဲ့ရာ ယမန်နှစ်
အလားတူကာလနှင့်နှိုင်းယှဉ်ကြည့်ပါက ၁၅ ရာခိုင်နှုန်း တိုးလာကြောင်း၊ ဓာတ်ငွေ့တင်သွင်းခြင်းမှ ဒေါ်လာ
၅၅ ဒသမ ၅ သန်းရှိရာ ၁၀
ရာခိုင်နှုန်း လျော့နည်းသွားကြောင်း၊
ဓာတ်ငွေ့တင်သွင်းခြင်းမှ ဒေါ်လာ ၃၀ ဒသမ
၉ သန်းရှိရာ ၁ ဒသမ ၃ ရာခိုင်နှုန်းလျော့နည်းသွားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ လက်ရှိတွင် အရှေ့တောင် အာရှနိုင်ငံ ဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံသည် ရေနံနှင့် ဓာတ်ငွေ့တင်သွင်းမှုအပေါ် မှီခိုနေရ ကြောင်း
သိရသည်။
ဆင်ဟွာ

No comments