ဘရန့်ဖို့ဒ်က ကာဆယ်ကို အနိုင်ယူပြီး စိန့်ဂျိမ်းပတ်ခ်ကွင်း၌ ၉၂ နှစ်ကြာနိုင်ပွဲမရရှိမှု အဆုံးသတ်



ဖေဖော်ဝါရီ ၈ ရက် နံနက်အစောပိုင်းက စိန့်ဂျိမ်းပတ်ခ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် နယူးကာဆယ် နှင့် ဘရန့်ဖို့ဒ်အသင်းပွဲစဉ်တွင်  ဘရန့်ဖို့ဒ်အသင်းက အကြိတ်အနယ်ယှဉ်ပြိုင်ကစားကာ သုံးဂိုး-နှစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။ ထို့ကြောင့် ဘရန့်ဖို့ဒ်အသင်းသည် စိန့်ဂျိမ်းပတ်ခ်ကွင်း၌ ၉၂ နှစ်ကြာ  နိုင်ပွဲမရရှိမှုမှတ် တမ်းဆိုးကို အဆုံးသတ်နိုင်ခဲ့သည်။  

နယူးကာဆယ်အသင်းသည် ယခုပွဲစဉ် ရှုံးနိမ့်ခဲ့သည့်အတွက်  နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သည့် ပြိုင်ပွဲစုံ သုံးပွဲဆက်ရှုံးနိမ့်မှုနှင့် ကြုံတွေ့ခဲ့ရသည်။  နယူးကာဆယ်အသင်းသည်   ဘရန့်ဖို့ဒ်အသင်းကို ပွဲချိန်အများစု တစ်ဖက်သတ်ကစားနိုင်ခဲ့သော်လည်း ဂိုးရရှိနိုင်သည့်အခွင့်အရေးများကို သွင်းဂိုးများ အဖြစ် ပြောင်းလဲနိုင်စွမ်းမရှိသည့်အတွက် ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။  ဘရန့်ဖို့ဒ်အသင်းက နှစ်ပွဲဆက်နိုင်ပွဲနှင့်အတူ ရမှတ် ၃၉ မှတ်ဖြင့် အဆင့်(၇)သို့ တက်လှမ်းနိုင်ခဲ့သည်။ ဘရန့်ဖို့ဒ်အသင်း သည် လာမည့်ပွဲစဉ်အဖြစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ် အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

အခြားပွဲစဉ်ရလဒ်များတွင် အာဆင်နယ်က ဆန်းဒါးလန်းကို သုံးဂိုး-ဂိုးမရှိ၊ ဝက်စ်ဟမ်းက ဘန်လေ ကို နှစ်ဂိုး-ဂိုးမရှိ၊ အဲဗာတန်က ဖူလ်ဟမ်ကို နှစ်ဂိုး- တစ်ဂိုး၊ ချယ်ဆီးက ဝုဖ်ကို သုံးဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲ အသီးသီးရရှိခဲ့ပြီး ဘုန်းမောက်နှင့် အက်စ်တွန်ဗီလာ ပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီ သရေကျ ခဲ့သည်။

မိုးဇက်

No comments

Powered by Blogger.