တရားမဝင်သစ်မျိုးစုံ၊ စက်သုံးဆီများ၊ ရွှေသတ္တုတူးဖော်ရာတွင် အသုံးပြုသည့်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လိုင်စင်မဲ့ယာဉ်များနှင့် လိုင်စင်မဲ့ဆိုင်ကယ်များ သိမ်းဆည်းရမိ
နေပြည်တော် ဖေဖော်ဝါရီ ၈
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏
ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး
ဆောင်ရွက်လျက်ရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏
စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ
၃၁ ရက်နှင့် ဖေဖော်ဝါရီ ၁ ရက်တို့တွင် စစ်ကိုင်းမြို့နယ် ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌
ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် လူသုံးကုန်ပစ္စည်း
ကိုးမျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၇၅၄၀၀၀)နှင့် လိုင်စင်မဲ့ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ်
၄၃၀၀၀၀၀၀) ကို ပို့ကုန် သွင်းကုန်ဥပဒေအရလည်းကောင်း၊ စစ်ကိုင်းမြို့နယ် နန္ဒဝန်ရပ်ကွက်၌
တရားမဝင် စက်သုံးဆီ ဓာတ်ဆီ ၈၁ ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၁၀၀၀၀)ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ
ဥပဒေအရလည်းကောင်း၊ စစ်ကိုင်းမြို့နယ် ရွာတောင်ရပ်ကွက်၌ တရားမဝင် ရွှေသတ္တုတူးဖော်ရာတွင်
အသုံးပြုသည့် မုံအိုး လေးလုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၀၀၀၀၀)ကို မြန်မာ့သတ္တုတွင်းဥပဒေအရလည်းကောင်း
စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၄၉၇၆၄၀၀၀)ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့်
တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၃၁ ရက်တွင် ဖြူးမြို့နယ်နှင့်
တောင်ငူမြို့နယ်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် ၂ ဒသမ ၉၅၄ တန်၊ အခြား သစ် ၁ ဒသမ ၉၄၂
တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၃၁၂၄၈)ကို သစ်တော ဥပဒေအရလည်းကောင်း၊ ပြည်မြို့နယ်၊
လက်ပံတန်းမြို့နယ်၊ မင်းလှ မြို့နယ်နှင့် ဘုရားကြီးမြို့နယ်တို့အတွင်း၌ လိုင်စင်မဲ့ဆိုင်ကယ်လေးစီး
(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၅၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ်
၄၄၈၁၂၄၈ ကို သိမ်းဆည်းအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့်
စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌
ခရီးသည်တစ်ဦး၏ ဝန်စည်အတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့်
လူသုံးကုန်ပစ္စည်း နှစ်မျိုး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၆၅၈၀၀၀ကို သိမ်းဆည်းရမိခဲ့ပြီး
အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲဖွင့်လှစ်ထားရှိသည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နှင့် ဖေဖော်ဝါရီ
၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၄ မှု (ခန့်မှန်းတန်ဖိုးငွေကျပ်
၆၈၉၀၃၂၄၈)ကို ဖမ်းဆီးရမိခဲ့သည်။
နေပြည်တော် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏
စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ
၂၆ ရက်တွင် ဒက္ခိဏသီရိမြို့နယ် စီလမ်းဆုံ စစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုး
ငွေကျပ် ၁၂၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏
စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှု များဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ
၁၅ ရက်တွင် ဘားအံမြို့နယ် သံလွင်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်
စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လျှပ်စစ်ပစ္စည်း တစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ်
၁၂၆၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Succeed တစ်စီး၊ Toyota
Probox တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ်
၁၃၂၆၀၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု
တိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ
ဖေဖော်ဝါရီ ၁ ရက်နှင့် ၂ ရက်တို့တွင် မုံရွာမြို့နယ် နန္ဒဝန်ရပ်ကွက်၌ လိုင်စင်မဲ့ယာဉ်
တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၀၀၀၀၀၀) ကိုလည်းကောင်း၊ စစ်ကိုင်းမြို့နယ် ရတနာပုံ
တံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့်
လုပ်ငန်းသုံးပစ္စည်း အမျိုး ၄၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃၄၃၀၀၀)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ်
၁၈၃၄၃၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏
စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ
ဖေဖော်ဝါရီ ၁ ရက်နှင့် ၂ ရက်တို့တွင် တောင်ငူခရိုင်၊ သာယာဝတီခရိုင်၊ ပြည်ခရိုင်နှင့်
ညောင်လေးပင်ခရိုင်တို့အတွင်း၌ လိုင်စင်မဲ့ယာဉ်တစ်စီး၊ လိုင်စင်မဲ့ဆိုင်ကယ် ငါးစီး (ခန့်မှန်းတန်ဖိုးငွေကျပ်
၁၆၅၅၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ သက္ကလမြို့နယ် ဇွဲတွန်စစ်ဆေးရေးဂိတ်၌
ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းသုံးမျိုး
(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၄၂၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Isuzu Light
Truck တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၀၀၀၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရ
လည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၁၉၂၀၀၀ ကို သိမ်းဆည်းအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု
တိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ
ဖေဖော်ဝါရီ ၁ ရက်တွင် မကွေးမြို့နယ် အတွင်း၌ တရားမဝင်လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့်
လက်ကိုင်ဖုန်း သုံးလုံး၊ Mytel Wifi စက်တစ်လုံးနှင့် ငွေစက္ကူရောရာ (ခန့်မှန်းတန်ဖိုးငွေကျပ်
၁၉၂၂၇၀၀)ကို လောင်းကစားဥပဒေအရ လည်းကောင်း၊ မင်းဘူးမြို့နယ် ကြီးပင်ကန်(၂)ကျေးရွာရှိ
နေအိမ်တစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လူသုံးကုန်ပစ္စည်း
၄၅ မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၀၇၁၅၀၀)ကို အမျိုးသားဆေးဝါးဥပဒေအရလည်းကောင်း၊
မင်းဘူးမြို့နယ်နှင့် ပခုက္ကူမြို့နယ်တို့အတွင်း၌ လိုင်စင်မဲ့ယာဉ်တစ်စီးနှင့် လိုင်စင်မဲ့ဆိုင်ကယ်
တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၃၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ်
၂၀၂၉၄၂၀၀ ကို သိမ်းဆည်းအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး
အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ
ဖေဖော်ဝါရီ ၂ ရက်နှင့် ၃ ရက်တို့တွင် ရေးခရိုင်၊ မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်တို့အတွင်း၌
လိုင်စင်မဲ့ယာဉ် နှစ်စီးနှင့် လိုင်စင်မဲ့ဆိုင်ကယ်ငါးစီး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ်
၅၆၀၀၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု
တိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ
ဇန်နဝါရီ ၂၉ ရက်တွင် ဖျာပုံမြို့နယ် အမှတ် (၁၂) ရပ်ကွက်၌ လိုင်စင်မဲ့ဆိုင်ကယ်တစ်စီး
(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ
အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့်
စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၂ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌
ခရီးသည်သုံးဦး၏ ဝန်စည်များအတွင်းမှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့်
လူသုံးကုန်ပစ္စည်း နှစ်မျိုး၊ လျှပ်စစ်ပစ္စည်း သုံးမျိုး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ်
၇၃၃၆၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲဖွင့်လှစ်ထားရှိသည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၅ ရက်၊ ၂၆ ရက်၊
၂၉ ရက်၊ ဖေဖော်ဝါရီ ၁ ရက်၊ ၂ ရက်နှင့် ၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၃၁)မှု
(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၅၉၈၉၂၀၀)ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင် တင်သွင်းမှုများကြောင့်
သွင်းကုန်အစားအထိုး ပြည်တွင်းကုန်ထုတ် လုပ်မှုလုပ်ငန်းများနှင့် စက်မှုဇုန်များရှိ
အသေးစား၊ အလတ်စား လုပ်ငန်းများကို ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေပြီး နိုင်ငံ၏ စီးပွားရေးဦးတည်ချက်များကိုပါ
ထိခိုက်စေနိုင်ပါသည်။ သို့ဖြစ်ပါ၍ ၎င်းတရားမဝင်တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက
ယခုထက်ပိုမို၍ တားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု
တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်

No comments