ကျောက်တံခါးမြို့နယ်၌ ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေ

 



ကျောက်တံခါး ဖေဖော်ဝါရီ ၈


ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်တွင် ငှက်ဖျားရောဂါ ကူးစက်ပျံ့နှံ့မှု ပပျောက်နှိမ်နင်းရေးအတွက် ဆေးစိမ်ခြင်ထောင်များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေး ဟောပြောခြင်းကို ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းက တောကျွဲအင်း ကျေးလက်ကျန်းမာရေးဌာန၌ ပြုလုပ်သည်။


ဦးစွာ တောကျွဲအင်းကျေးလက်ကျန်းမာရေးဌာနမှ လက်ထောက် ကျန်းမာရေးမှူး ဦးစောဝင်းရွှေနှင့် ကျန်းမာရေးဝန်ထမ်းများက ငှက်ဖျားရောဂါနှင့်ပတ်သက်၍ အသိပညာပေးပြောကြားပြီး ဆေးစိမ်ခြင်ထောင် ၁၅၀၈ လုံးကို အခမဲ့ဖြန့်ဝေပေးသည်။


မြို့နယ်အတွင်းရှိ ပြည်သူများ ငှက်ဖျားရောဂါအန္တရာယ်မှ ကင်းဝေး စေရေးအတွက် ငှက်ဖျားရောဂါကာကွယ်နှိမ်နင်းခြင်း အသိပညာပေး ဆွေးနွေးခြင်းနှင့် ဆေးစိမ်ခြင်ထောင်များ အခမဲ့ဖြန့်ဝေခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစည်သူစန်းနှင့် ကျန်းမာရေးဝန်ထမ်းများက စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ကျောက်တံခါးမြို့နယ်အတွင်းဇန်နဝါရီလမှယနေ့အထိဆေးစိမ်ခြင်ထောင် ၈၄၀၂ လုံး အခမဲ့ဖြန့်ဝေပြီးကြောင်း သိရသည်။


မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.