ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် ပါဝင်ပတ်သက်သူ မြန်မာနိုင်ငံသား ၉၀ ထပ်မံပြန်လည်ခေါ်ဆောင်
နေပြည်တော်
ဖေဖော်ဝါရီ ၇
ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်
လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ
မြန်မာသံရုံးသို့ ကိုယ်တိုင်လာရောက်သတင်းပို့သည့် မြန်မာနိုင်ငံသားများနှင့်
ကမ္ဘောဒီးယားနိုင်ငံမှ ရဲတပ်ဖွဲ့များနှင့် သက်ဆိုင်ရာဌာနများက လွှဲပြောင်း
ပေးအပ်ခဲ့သည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့
ပြန်လည်လွှဲပြောင်းခေါ်ယူသည့် လုပ်ငန်းစဉ်များ ကို ဆောင်ရွက်လျက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ
ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ ရောက်ရှိနေသည့် မြန်မာ
နိုင်ငံသားများကို ယနေ့တွင်ပဉ္စမအသုတ်အဖြစ် ထပ်မံ ခေါ်ဆောင်ပေးရာ ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ
သား ၉၀ သည် တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြို့ သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတော်အစိုးရအနေဖြင့်
ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ ရောက်ရှိနေသည့် မြန်မာ
နိုင်ငံသားများအား မြန်မာ့လေကြောင်းလိုင်း (MAI) နှင့် တပ်မတော်လေယာဉ်များဖြင့် အသီးသီး ပြန်လည်ခေါ်ဆောင်ရောက်ရှိခဲ့ရာ ယနေ့အထိ
မြန်မာနိုင်ငံသား ၁၀၈၆ ဦး ပြန်လည် ရောက်ရှိခဲ့ပြီးဖြစ် ကြောင်း သိရသည်။
ယနေ့တွင်
ရန်ကုန်မြို့သို့ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား မင်္ဂလာဒုံခရိုင်/
မြို့နယ် တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တွေ့ဆုံ၍ စားသောက်ဖွယ်ရာများပေးအပ်ပြီး
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စီစဉ်ပေးသည့် မော်တော်ယာဉ်များဖြင့်
ရန်ကုန်မြို့ရှိ စုရပ်နေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ
ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား သက်ဆိုင်ရာ
တာဝန်ရှိသူများက လိုအပ်သည့်ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ
စာရင်းကောက်ယူခြင်း လုပ်ငန်းများ၊ လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ကာ
လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments