အာဖဂန်နစ္စတန်နိုင်ငံ၌ ဓာတ်ငွေ့ဆလင်ဒါပေါက်ကွဲမှုဖြစ်ပွား၊ ရှစ်ဦးသေဆုံး



ကဘူးလ်  ဖေဖော်ဝါရီ 

အာဖဂန်နစ္စတန်နိုင်ငံ    မြို့တော် ကဘူးလ်ရှိ      နေအိမ်အတွင်း ဓာတ်ငွေ့ဆလင်ဒါပေါက်ကွဲမှုဖြစ် ပွားသဖြင့်    ရှစ်ဦးထက်မနည်း သေဆုံးကြောင်း မြို့တော်အုပ်ချုပ် ရေးမှူးရုံးက ဖေဖော်ဝါရီ    ရက် ညနေပိုင်းက ထုတ်ပြန်ထားသည်။

အဆိုပါ မတော်တဆမှုမှာ မိသားစုတစ်စုက  အေးသည့် ဆောင်းရာသီအတွင်း   ၎င်းတို့၏ နေအိမ်၌ နွေးထွေးရန်  ဓာတ်ငွေ့အပူပေးကိရိယာကို    အသုံးပြုရာ တွင် ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ် ကြောင်း၊ ဆလင်ဒါမှာ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ရာ သေဆုံးမှုများဖြစ်ပေါ် ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ  အာဖဂန်နစ္စတန် နိုင်ငံအရှေ့ပိုင်း  ခို့စ်ပြည်နယ်၌ ဖေဖော်ဝါရီ ၅ ရက်က ပေါက်ကွဲမှု ဖြစ်ပွားရာ    အမျိုးသမီးသုံးဦး သေဆုံးပြီး တစ်ဦးမှာ ဒဏ်ရာရရှိကြောင်း သိရသည်။

အာဖဂန်နစ္စတန်နိုင်ငံ၌ ခေတ်မီ အပူပေးစနစ်များမရှိခြင်းကြောင့် အိမ်ထောင်စုအများစုမှာ   ရာသီ ဥတုပြင်းထန်သည့် ဆောင်းရာသီအတွင်း ၎င်းတို့၏ နေအိမ်များကို အပူပေးရန် ဓာတ်ငွေ့ဆလင်ဒါ များနှင့်  ရိုးရာမီးဖိုများကို   အသုံးပြုလျက်ရှိကြောင်း  သိရသည်။

ထို့ကြောင့်  အာဖဂန်နစ္စတန်နိုင်ငံ၌  ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ပေါက်ကွဲမှုများ မကြာခဏဖြစ်ပွား လေ့ရှိကြောင်း သိရသည်။

ဆင်ဟွာ

No comments

Powered by Blogger.