ဂျပန်နိုင်ငံ အနောက်ပိုင်းရှိ ဘုရားကျောင်းမီးလောင်မှုတွင် ရုပ်အလောင်း ငါးလောင်းတွေ့ရှိ
ဖေဖော်ဝါရီ ၂၁
ဂျပန်နိုင်ငံအနောက်ပိုင်းရှိ ဘုရားကျောင်းတစ်ကျောင်း မီးလောင်မှုတွင် ရုပ်အလောင်း ၅ လောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။
အဆိုပါမီးလောင်မှုသည် ယာမာဂူချီစီရင်စု၊ ရှီမိုနိုဆီကီမြို့တွင် ယမန်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုအဆောက်အအုံမှ မီးခိုးများထွက်လာသည်ကို မြင်တွေ့ရသည်ဟုဆိုကာ နံနက် ၂နာရီ ၃၀ မိနစ်ခန့်က ဖုန်းခေါ်ဆိုမှုတစ်ခုကို ဒေသခံ မီးသတ်ဌာနတစ်ခုက လက်ခံရရှိခဲ့ကြောင်းနှင့် မီးသတ်သမားများသည် သုံးနာရီခန့်အတွင်း မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
ကလေးနှစ်ဦးအပါအဝင် မိသားစုဝင် ငါးဦးသည် ဘုရားကျောင်းတွင် နေထိုင်ကြသည်ဟု ရဲတပ်ဖွဲ့က ယူဆထားကြောင်းနှင့် ၎င်းတို့အားလုံး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း စုံစမ်းစစ်ဆေးသူများက ပြောကြားခဲ့သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို
No comments