၂၀၂၅ ခုနှစ်အတွင်း မကာအို၏ လူဦးရေ ၆၈၈၉၀၀ အထိရှိလာ
မကာအို မတ် ၁၆
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ မကာအို အထူးအုပ်ချုပ်ရေးဒေသ (SAR) သည် ၂၀၂၅ ခုနှစ် နှစ်ကုန် တွင် လူဦးရေ ၆၈၈၉၀၀
အထိရှိလာပြီး ယမန်နှစ်ထက် အနည်း ငယ်တိုးလာကြောင်း သိရသည်။
အဆိုပါအရေအတွက်မှာ ယမန်နှစ်ကထက် ၀ ဒသမ ၁
ရာခိုင်နှုန်းတိုးလာကြောင်း SAR ၏ စာရင်းအင်းနှင့် သန်းခေါင်စာရင်းဝန်ဆောင်မှုလုပ်ငန်း(DSEC) က မတ်
၁၆ ရက်တွင် ထုတ်ပြန် သည့် အချက်အလက်များအရ သိရသည်။
လူဦးရေများထဲတွင် အသက် ၁၄ နှစ်အထိ လူငယ် ၁၁ ဒသမ ၇ ရာခိုင်နှုန်း၊ အသက် ၆၀ နှစ်အထိ အသက်ကြီးသူ ၁၅ ဒသမ
၃ ရာခိုင်နှုန်းဖြစ်ကြောင်း စာရင်းအင်း နှင့် သန်းခေါင်စာရင်း ဝန်ဆောင် မှုလုပ်ငန်းက မှတ်ချက်ပြုထားသည်။
မကာအို၌ ၂၀၂၅ ခုနှစ်အတွင်း အရှင်မွေးဖွားမှုနှုန်းအရေအတွက် ၂၈၇၀ နှင့်
အသေမွေးဖွားမှုနှုန်း အရေအတွက်
၂၄၂၄ ဦးဖြစ်ကြောင်း အဆိုပါဝန်ဆောင်မှုလုပ်ငန်းက ထုတ်ပြန်ထားသည်။
ဆင်ဟွာ
ဓာတ်ပုံ-the macao news

No comments