ဆီဆိုင်မြို့တွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချစေရေး ကွင်းဆင်းစစ်ဆေး



ဆီဆိုင်  မတ်  ၁၉


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် များတွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှုရှိ မရှိကို ယနေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နေဇော်၊ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ရှမ်းပြည်နယ် ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးမှ ဦးစီးအရာရှိ ဦးဇော်ထိုက်နှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်ရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရန်၊ တရားမဝင်ရောင်းချမှု မဖြစ်ပေါ်စေရန်၊ သတ်မှတ် ဈေးနှုန်းအတိုင်း ရောင်းချရန်၊ စက်သုံးဆီရောင်းချရာတွင် ပေပါ၊ ဘူး၊ ပုံးများဖြင့် ဝယ်ယူမှုများရှိပါက ရောင်းချခြင်းမပြုရန်နှင့် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး လိုက်နာဆောင်ရွက်ရန်တို့ကို ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)

No comments

Powered by Blogger.