မြဝတီမြို့၌ မီးဘေးအန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

 


မြဝတီ မတ် ၂၉

 

ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့ရှိပြည်သူများ မီးဘေးအန္တရာယ်မှကင်းဝေးစေရန်နှင့် အသိသတိရှိစေရန်ရည်ရွယ်၍ ရပ်ကွက်အလိုက် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ခရိုင်/ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မြဝတီခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးတွင် မီးဘေးအန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။

 

လက်တွေ့မီးငြှိမ်းသတ်

ထိုသို့ဆောင်ရွက်ရာတွင် မြဝတီခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးဖြိုးမင်းဇော်က ခရိုင်/မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများအား မီးဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များ ဟောပြောပြီး ခရိုင် / မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်တစ်စီးဖြင့် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေး သရုပ်ပြဆောင် ရွက်ခြင်းကိုလည်းကောင်း၊ လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြ ဆောင်ရွက်ခြင်းကိုလည်းကောင်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)

No comments

Powered by Blogger.