ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် စီးပွားရေးဖွံ့ဖြိုးမှုဇုန်တွင် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

 


ရန်ကုန် မတ် ၂၉

 

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးလောင်မှု/မီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် (၃၄)ရပ်ကွက် ဦးဝိစာရလမ်း စီးပွားရေးဖွံ့ဖြိုးမှုဇုန်တွင် မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို မတ် ၂၈ ရက်က ဆောင်ရွက်သည်။

 

နွေရာသီတွင် မြို့နယ်အတွင်း မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရန် (၃၄)ရပ်ကွက် ဦးဝိစာရလမ်း စီးပွားရေး ဖွံ့ဖြိုးမှုဇုန်အတွင်းရှိ အမှတ်(C-12/13) ပိုင်ရှင် ဦးမျိုးလွင်၏ Myanmar Style (ပရိဘောဂလုပ်ငန်း)နှင့် အမှတ် (C-24) ပိုင်ရှင်ဦးဝင်းထိုက်၏ Min Lan(မုန့်တီသိုလှောင်ရုံ)တို့အား စီးပွားရေးဖွံ့ဖြိုးမှုဇုန်မှ တာဝန်ရှိသူနှစ်ဦးနှင့်အတူ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးတင်ထွန်းအောင်ကတပ်ဖွဲ့ဝင်များနှင့် စစ်ဆေးဆောင်ရွက်သည်။

မြင့်မြင့်ရီ

No comments

Powered by Blogger.