တာမွေမြို့နယ်၌ ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံ မှတ်ပုံတင်စနစ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
ရန်ကုန် မတ် ၂၉
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၌
ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံ မှတ်ပုံတင်စနစ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို မတ်
၂၇ ရက်က တာမွေမြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၌ ကျင်းပသည်။
ရှင်းလင်းဟောပြော
အဆိုပါ ဟောပြောပွဲတွင် တာမွေမြို့နယ်
အခွန်ဦးစီးဌာနမှူး ဒေါ်စပယ်အောင်က ဗဟိုမိုဘိုင်း စက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ်(CEIR)
ဆိုင်ရာနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုသိရှိနိုင်ရေး အသိပညာပေး
ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)

No comments