သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံး၌ မီးဘေးလုံခြုံရေးအသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်မှုလက်တွေ့သရုပ်ပြသခြင်း ဆောင်ရွက်

 


မကွေး မတ် ၂၉

 

မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံး၌ မီးဘေးလုံခြုံရေးအသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်မှုလက်တွေ့ သရုပ်ပြသခြင်းကို မတ် ၂၇ ရက်က ဆောင်ရွက်ခဲ့ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနနှင့် မကွေးမြို့နယ် သမဝါယမဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်း ၈၀ ကျော် တက်ရောက်ကြသည်။

 

ထို့နောက် မကွေးခရိုင်မီးသတ်ဦးစီးမှူး ဦးသန့်စင်က မီးဘေးလုံခြုံရေးနှင့်စပ်လျဉ်း၍ မီးလောင်မှုဖြစ်ပွားစေသော အကြောင်းရင်းများ၊ မီဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အကြောင်းများကို ရှင်းလင်း ပြောကြားသည်။ အဆိုပါ မီးဘေးလုံခြုံရေးအသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်မှုလက်တွေ့သရုပ်ပြပွဲသို့ မကွေးခရိုင်မီးသတ်ဦးစီးမှူး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးများ၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများ စနစ်တကျထားရှိရေး၊ လျှပ်စစ်မီးသုံးစွဲမှု စနစ်တကျရှိစေရေးနှင့် အရေးပေါ်ဆောင်ရွက်ရမည့် နည်းလမ်းများကို ရှင်းလင်းပြောကြားပြီး မီးငြှိမ်းသတ်မှုလက်တွေ့သရုပ်ပြခြင်းများ၊ ဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်ရာ သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများက အတူတကွ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)

No comments

Powered by Blogger.