အရှေ့အလယ်ပိုင်းဒေသမှဂျပန်ခရီးသွားများနှင့်အခြားသူများအားတင်ဆောင်လာသည့်ဒုတိယမြောက်စင်းလုံးငှား လေယာဉ် ဂျပန်နိုင်ငံသို့ဆိုက်ရောက်



မတ် ၁၀

ဂျပန်ခရီးသွားများနှင့် အရှေ့အလယ်ပိုင်းမှ အခြားသူများအားကယ်ဆယ်ရန် ဂျပန်အစိုးရမှငှားရမ်းထားသော ဒုတိယမြောက်စင်းလုံးငှားလေယာဉ်သည် တိုကျိုအနီးတွင် ဆင်းသက်ခဲ့သည်ဟု သိရသည်။

ထိုလေယာဉ်တွင် ဆော်ဒီအာရေဗျမှ လူ ၂၈၁ ဦး လိုက်ပါလာခဲ့ပြီး ယနေ့တွင် နာရီတာလေဆိပ်သို့ ဆိုက်ရောက်ခဲ့ကြောင်း ဖော်ပြထားသည်။

ဒေသတွင်းပဋိပက္ခများဆက်လက်ဖြစ်ပွားနေချိန်တွင် ဂျပန်အစိုးရသည် ကူဝိတ်၊ ဘာရိန်း၊ ကာတာနှင့် အာရပ်စော်ဘွားများပြည်ထောင်စုမှ ဂျပန်နိုင်ငံသားများကို ထွက်ခွာနိုင်ရေး ကူညီပေးလျက်ရှိသည်။ နာရီတာလေဆိပ်သို့ ရောက်ရှိချိန်တွင် ခရီးသည်အချို့ မောပန်းနွမ်းနယ်နေပုံရပြီး အသက် ၂၀ ကျော် အမျိုးသမီးတစ်ဦးက ဩစတြီးယားသို့သွားနေစဉ် ကာတာနိုင်ငံ၏ မြို့တော်ဒိုဟာတွင်ရပ်နားစဉ် သောင်တင်နေခဲ့သည်ဟု ပြောကြားခဲ့သည်။

စုစုပေါင်း လူ ၃၈၈ ဦးကို စင်းလုံးငှားလေယာဉ်နှစ်စင်းဖြင့် ထွက်ခွာစေခဲ့ရာ ပထမတစ်စင်းသည် မတ်လ ၈ ရက်နေ့တွင် အိုမန်နိုင်ငံမှ  ဂျပန်နိုင်ငံနာရီတာလေဆိပ်သို့ ဆိုက်ရောက်ခဲ့သည်။

ထွက်ခွာလိုသူတိုင်းကိုကူညီရန်အတွက် ဂျပန်အစိုးရသည် ဆော်ဒီအာရေဗျနှင့် ယူအေအီးတို့မှ နောက်ထပ်လေယာဉ်တစ်စင်းစီ ငှားရမ်းရန် စီစဉ်ထားကြောင်း ဖော်ပြထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.