လင်းခေးမြို့မစျေး၌ မီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်

 



လင်းခေး မတ် ၅


ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးမြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် စျေးသူစျေးသားပြည်သူလူထုတို့ ပူးပေါင်း၍ မီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲက လင်းခေးမြို့ စည်ပင်သာယာစျေးအတွင်း ဆောင်ရွက်ကြသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ DCP မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ယာဉ်/ အပေါ့စားစက် အသုံးပြုကာ ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကို ဆောင်ရွက်ကြသည်။


ဆောင်ရွက်ရာသို့ လင်းခေးမြို့ တပ်နယ်(လင်းခေး)မှ တပ်နယ်မှူး၊ ခရိုင်နှင့်မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ စျေးသူစျေးသားများ တက်ရောက်ကြပြီး မီးသတ်တပ်ဖွဲ့ဝင် ၂၀၊ မီးသတ်ယာဉ် နှစ်စီးဖြင့် ဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

 

စိုင်းဇော်လတ်(လင်းခေး) 

No comments

Powered by Blogger.