ဂျပန်နိုင်ငံ အာအိုမိုရီကမ်းလွန်တွင် ငါးဖမ်းလှေတစ်စင်း တိမ်းမှောက်မှုကြောင့် သုံးဦးပျောက်ဆုံး



မတ် ၁၇

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း  အာအိုမိုရီစီရင်စုတွင် ငါးဖမ်းလှေတစ်စင်းသည် ကုန်တင်သင်္ဘောတစ်စင်းနှင့် တိုက်မိပြီး တိမ်းမှောက်မှုဖြစ်ပွားကာ လူသုံးဦး ပျောက်ဆုံးလျက်ရှိကြောင်း ဖော်ပြထားသည်။

ကမ်းရိုးတန်းစောင့်တပ်သည် ယနေ့ နံနက် ၁ နာရီ ၁၈ မိနစ်ခန့်က ကုန်တင်သင်္ဘော၏ ကပ္ပတိန်ထံမှ အစီရင်ခံစာတစ်စောင်ကို လက်ခံရရှိခဲ့ကြောင်းနှင့် ထိုတိုက်မိမှုသည် မီဆာဝါမြို့ကမ်းလွန်မှ ကီလိုမီတာ ၂၀ ခန့်အကွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်ရပ်ကြောင့်ငါးဖမ်းလှေပေါ်ပါ သင်္ဘောသား ၁၃ ဦးစလုံး ရေထဲ ပြုတ်ကျသွားခဲ့ရာ ၁၀ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်းနှင့် ၎င်းတို့အနက် ကိုးဦးသည် သတိရှိပြီး တစ်ဦးသည် စိုးရိမ်ရသော အခြေအနေတွင် ရှိနေကြောင်း တာဝန်ရှိသူများကပြောကြားသည်။

ကမ်းရိုးတန်းစောင့်တပ်သည် ကင်းလှည့်သင်္ဘောများနှင့် လေယာဉ်များကို အသုံးပြုကာ ပျောက်ဆုံးလျက်ရှိသော သင်္ဘောသားသုံးဦးကို ရှာဖွေလျက်ရှိသည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.