အိန္ဒိယနိုင်ငံမြို့တော်ဒေလီရှိ အထပ်မြင့်အဆောက်အအုံမီးလောင်မှုဖြစ်ပွား၊ ကိုးဦးသေဆုံး



နယူးဒေလီ မတ် ၁၈

 

အိန္ဒိယနိုင်ငံ မြို့တော်ဒေလီရှိ အထပ်မြင့်အဆောက်အအုံတစ်ခုအတွင်း မတ် ၁၈ ရက်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူကိုးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

 

ပလမ် ဧရိယာအနီး ရမ်ချော့ခ်ဈေးရှိ လေးထပ်အဆောက်အအုံအတွင်းရှိ အထည်နှင့် အလှကုန်ဆိုင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

မှုခင်းဆေးပညာနှင့် မှုခင်းအဖွဲ့များသည် မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပြီး တရားဥပဒေအရ အရေးယူမှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း အဆင့်မြင့်ရဲအရာရှိ ပေါ့စ်ဝေါက ပြောကြားခဲ့သည်။

 

ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ အဆောက်အအုံ၏ ဒုတိယနှင့် တတိယထပ်တို့သည် လူနေခန်းများ ဖြစ်ကြောင်း သိရသည်။

 

ဆင်ဟွာ

No comments

Powered by Blogger.