၂၀၂၅ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာကာကွယ်ရေးအသုံးစရိတ် စံချိန်တင်မြင့်တက်



လန်ဒန်   မတ်  

၂၀၂၅    ခုနှစ်တွင်    ကမ္ဘာလုံးဆိုင်ရာကာကွယ်ရေး အသုံးစရိတ်သည် အမေရိကန်ဒေါ်လာ ၂   ဒသမ    ၆၃ ထရီလီယံသို့ စံချိန်တင်မြင့်တက်ခဲ့ပြီး ယမန်နှစ်ကထက် ၂ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက် ခဲ့ကြောင်း  ဗြိတိန်တွေးခေါ်ပညာရှင်တစ်ဦးက ပြောကြားသည်။

နိုင်ငံတကာ မဟာဗျူဟာလေ့လာရေး အင်စတီကျုက ၎င်း၏ နှစ်ပတ်လည် “ကာကွယ်ရေးဟန်ချက် ညီမှု” အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ အစီရင်ခံစာတွင် ကမ္ဘာ့နိုင်ငံများ၏    ကာကွယ်ရေး အင်အားနှင့်  ဒေသတွင်းအခြေအနေများကို  ခွဲခြမ်းစိတ်ဖြာဖော်ပြထားသည်။

ဥရောပ    ကာကွယ်ရေးအသုံးစရိတ် သည် ယခင်နှစ်ကထက်  ၁၂   ဒသမ   ၆ ရာခိုင်နှုန်းတိုးလာပြီး  အမေရိကန်ဒေါ်လာ ၅၆၃  ဘီလီယံအထိ   တိုးလာကာ ကမ္ဘာ့ပျမ်းမျှထက်   အဆပေါင်းများစွာ    ပိုမို မြင့်တက်လာကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။  ၂၀၂၂   ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ     ကာကွယ်ရေးအသုံး စရိတ်စုစုပေါင်း၏ ၁၇ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် ၂၁ ဒသမ    ရာခိုင်နှုန်း အထိရှိလာသည်။

ဥရောပ၏ ဒေသတွင်းလုံခြုံရေးအတွက် မြင့်တက်လာခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထား သည်။

အလားတူ  အမေရိကန်နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်သည် အမေရိကန်ဒေါ်လာ ၉၂၁   ဘီလီယံ ဖြင့် အများဆုံးရပ်တည်လျက်ရှိပြီး တရုတ်နိုင်ငံက ၂၅၁ ဒသမ ၃ ဘီလီယံနှင့် ရုရှားနိုင်ငံက   ၁၈၆   ဒသမ      ဘီလီယံဖြင့် ရပ်တည်ခဲ့သည်။

ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ ၅၈ ဒသမ     ဘီလီယံဖြင့် အဆင့်(၉) နေရာတွင်   ရပ်တည် နေကြောင်း   သိရသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်

No comments

Powered by Blogger.