ကမ္ဘောဒီးယားနိုင်ငံ၌ အွန်လိုင်းလောင်းကစားစင်တာများအား ဧပြီလနောက်ဆုံးထား၍ အရေးယူ ဆောင်ရွက်မည်
ဖနောင်ပင် မတ်
၄
ကမ္ဘောဒီးယားနိုင်ငံသည် အွန်လိုင်းလောင်းကစားပြုလုပ်သည့် စင်တာများအား ယခုနှစ်
ဧပြီလ နောက်ဆုံးထား၍ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဟွန်မာနတ်က
မတ် ၃
ရက် တွင် ပြောကြားသည်။
ဖနောင်ပင်တွင်ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘောဒီးယား - အာဆီယံစီးပွားရေး
ထိပ်သီးဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ယခု ဆောင်ရွက်ချက်သည်
နိုင်ငံအတွင်း တရားဥပဒေစိုးမိုးမှုကို အားဖြည့်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပတ်ဝန်းကျင်၏ တည်ငြိမ်အားကောင်းမှုကို ထိန်းသိမ်းကာကွယ်ရေးအတွက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၎င်းကပြောကြားသည်။
နိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရာတွင်
အဆင်ပြေစေရေးအတွက် အွန်လိုင်းလောင်းကစားလုပ်ငန်းများပြုလုပ်ခြင်းကို တားဆီးအရေးယူဆောင်ရွက်မည်ဖြစ်ပြီး လုံခြုံစိတ်ချရသည့်
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်းကျင်တစ်ခုကို တည်ထောင်ရန် လိုအပ်သည်များကို ဆောင်ရွက်နေကြောင်း ၎င်းက ပြောကြားသည်။ လက်ရှိ အချိန်တွင် နိုင်ငံသားများ၏လူမှုစီးပွား
ဘဝများလုံခြုံမှုရှိစေရေးအတွက် နိုင်ငံတစ်ဝန်း
အွန်လိုင်း လောင်းကစားကွန်ရက်များကို အရေးယူဆောင်ရွက်နေပြီး နိုင်ငံတကာအလယ်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ပုံရိပ်ကို မြှင့်တင်ရေးအတွက်
တာဝန်ရှိသူများက ဆောင်ရွက်နေသည်။ နိုင်ငံ အတွင်း
ပြီးခဲ့သည့်နှစ် ဇွန်လမှစတင်၍ အွန်လိုင်းလောင်းကစားလုပ်ငန်းများကို အရေးယူ ဆောင်ရွက်ခဲ့ပြီး ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပြည်ပနိုင်ငံသား သုံးသောင်းကျော်ကို
သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး ဆာဆိုကာက
ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ

No comments