အရှေ့အလယ်ပိုင်းဒေသမှ ပထမဆုံးရေနံတင်သင်္ဘော ဂျပန်နိုင်ငံသို့ ရောက်ရှိ



တိုကျို  မတ်  ၃၀

အရှေ့အလယ်ပိုင်းဒေသမှ ရေနံစိမ်းတင်ဆောင်လာသော သင်္ဘောတစ်စင်းသည် ဂျပန်နိုင်ငံအနောက် ပိုင်းရှိ ရေနံချက်စက်ရုံသို့  ဆိုက်ရောက်လာပြီဖြစ်ကြောင်း အင်န်အိတ်ချ်ကေ  သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အရှေ့အလယ်ပိုင်းဒေသတွင် ပဋိပက္ခများကြောင့်  ရေနံစိမ်းထောက်ပံ့မှုအပေါ် စိုးရိမ်ကြောင့်ကြမှု များ  မြင့်တက်နေချိန်တွင်   အဆိုပါ   သင်္ဘောဆိုက်ရောက်လာခြင်းဖြစ်သည်။   ယင်းသင်္ဘောသည်     ဆော်ဒီအာရေဗျနိုင်ငံမှ  ရေနံစိမ်း   ကီလိုလီတာပေါင်း တစ်သိန်းခန့်  တင်ဆောင်လာခြင်းဖြစ်သည်။

အဆိုပါရေနံစိမ်းများကို  ပင်လယ်နီ လမ်းကြောင်းမှတစ်ဆင့်   သယ်ဆောင်လာခြင်းဖြစ်ပြီး ယင်းလမ်းကြောင်းသည်  ဟော်မုဇ်ရေလက်ကြားကို  ရှောင်ကွင်းသည့်  လမ်းကြောင်းဖြစ်ကြောင်း  သိရသည်။

ယင်းရေနံစိမ်းများသည်  မတ်  ၂၉   ရက်တွင်  အိဟီမဲခရိုင်   အီမာဘာရီမြို့ရှိ ရေနံစက်ရုံသို့       ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများရှိနေသော်လည်း အခက်အခဲမရှိဘဲ ပထမဆုံးအကြိမ်  ရေနံတင်ပို့မှုကို လက်ခံရရှိခဲ့သဖြင့် စိတ်သက်သာရကြောင်း တိုင်ယိုရေနံကုမ္ပဏီပိုင် ရှိကိုကုစက်ရုံခွဲ ညွှန်ကြားရေးမှူး  အီရှီကာဝါ  ဂျူနီအိချီက  ပြောသည်။                                             

အန်အိတ်ချ်ကေ

No comments

Powered by Blogger.