ပါကစ္စတန်၌ ပိုလီယိုရောဂါကာကွယ်ဆေး တိုက်ကျွေးရေးအစီအစဉ် ဆောင်ရွက်
အစ္စလာမ္မာဘတ် မတ်
၃၀
ပါကစ္စတန်နိုင်ငံသည် ဒုတိယအကြိမ်
နိုင်ငံတစ်ဝန်း ပိုလီယိုရောဂါကာကွယ်ဆေး တိုက်ကျွေးရေး အစီအစဉ်အရ နိုင်ငံအတွင်းရှိ ကလေးအရေအတွက်
၄၅ သန်းကျော်ကို ဧပြီ ၁၃ ရက်မှ ၁၉ ရက် အတွင်း ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးမည်ဖြစ်ကြောင်း
အမျိုးသားအရေးပေါ်လုပ်ငန်းစင်တာက မတ် ၃၀ ရက်တွင် ပြောကြားသည်။
သီတင်းတစ်ပတ်ကြာဆောင်ရွက်မည့်
ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးရေးအစီအစဉ်တွင် နိုင်ငံ အတွင်းရှိ အသက်ငါးနှစ်အောက်ကလေးများကို
ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးမည်ဖြစ်သည်။ ထို့ပြင် ကလေးများအား ကိုယ်ခံအားကောင်းစေရေး
အတွက် ဗီတာမင်အေဆေးပြားများကိုလည်း တိုက်ကျွေးမည်ဟု သိရသည်။ ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးမည့်အစီအစဉ်တွင် လုပ်သား
၄၁၃၀၀၀ ကျော် ပါဝင်တာဝန်ထမ်းဆောင်မည်ဖြစ်ပြီး
အိမ်တိုင်ရာရောက် လိုက်လံတိုက်ကျွေးမည် ဖြစ်သည်။ ပိုလီယိုရောဂါကာကွယ်ရေးသည် အမျိုးသားရေးတာဝန်ဖြစ်ကြောင်းနှင့်
ကာကွယ်ဆေး တိုက်ကျွေးရမည့် ကလေးများအားလုံးအား ကာကွယ်ဆေးတိုက်ကျွေးနိုင်ရေးအတွက် မိဘများက
ပူးပေါင်းဆောင်ရွက်ကြရန် တာဝန်ရှိသူများက ညွှန်ကြားခဲ့သည်။ ကလေးများအား ပိုလီယိုရောဂါ
ဖြစ်ခြင်းမှ ကာကွယ်ရေးနှင့် ပိုလီယိုရောဂါကင်းစင်သည့် နိုင်ငံဖြစ်စေရေးအတွက် အချိန်မီကာကွယ်
ဆေးတိုက်ကျွေးရန် လိုအပ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ

No comments