ပေါက်ခေါင်းမြို့နယ်၌ မီးဘေးလုံခြုံရေး အသိပညာပေး



ပေါက်ခေါင်း   မတ်     ၁၀


ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် မီးဘေး ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ် ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက မြို့မစျေးကြီး၌ မီးဘေးလုံခြုံရေးစစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့စစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမင်းအောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးသူအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများက မြို့မစျေးကြီး ဈေးဆိုင်ခန်းများအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လျှပ်စစ်မီး သွယ်တန်းသုံးစွဲနေမှုအခြေအနေများ၊ မီးငြှိမ်းသတ်ရေးပစ္စည်းနှင့် မီးသတ်ဆေးဘူးများ ထားရှိဆောင်ရွက် ထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မီးစနစ်တကျ ဂရုပြုသုံးစွဲရေးများနှင့် အမှိုက်များအား စနစ်တကျစွန့်ပစ်ရေးတို့ကို အသိပညာပေးပြောကြားကာ ရေကန်များဆောင်ရွက်ထားရှိမှု အခြေအနေ ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)

No comments

Powered by Blogger.