ပွင့်ဖြူမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနများ ပြင်ဆင်ထားရှိမှု ကြည့်ရှုစစ်ဆေး
ပွင့်ဖြူ မတ် ၁၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို အေးချမ်းပျော်ရွှင်စွာ ဖြေဆိုနိုင်ရေး အတွက် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနများ ပြင်ဆင်ထားရှိမှုအခြေအနေများကို မတ် ၉ ရက်က မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလင်းလင်းအောင်နှင့် တာဝန်ရှိသူများက ပွင့်ဖြူမြို့(အ.ထ.က)စာစစ်ဌာနနှင့် ကုန်းဇောင်းကျေးရွာ(အ.ထ.က)စာစစ်ဌာနတွင် မီးဘေး လုံခြုံရေးဆောင်ရွက်ထားရှိမှုများ၊ စာဖြေခန်းများ၊ စာဖြေခုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် စာဖြေသူများ အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ဆောင်ရွက်ထားရှိမှုများ၊ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ထား ရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပွင့်ဖြူမြို့(အ.ထ.က)စာစစ်ဌာနနှင့် ကုန်းဇောင်း ကျေးရွာ (အ.ထ.က)စာစစ်ဌာနတို့တွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူဦးရေ ၁၀၈၇ ဦးရှိကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)

No comments