ဂန့်ဂေါမြို့၌ အခမ်းအနားမှူးသင်တန်းဖွင့်
ဂန့်ဂေါ မတ် ၉
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးကျင်းပသော အခမ်းအနားမှူး သင်တန်းကို ယနေ့နံနက် ၁၀ နာရီတွင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စတင်ဖွင့်လှစ်သည်။
ဦးစွာ ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်အေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အခမ်းအနားမှူး သင်တန်းကို စတင်သင်ကြားပို့ချရာ သင်တန်းနည်းပြအဖြစ် ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်အေးက သင်ကြားပို့ချသည်။
အဆိုပါ အခမ်းအနားမှူးသင်တန်းတွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာရုံးများမှ ဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများ စုစုပေါင်း သင်တန်းသား သင်တန်းသူ ၄၆ ဦး တက်ရောက်ကြပြီး သင်တန်းကာလကို မတ် ၉ ရက်မှ ၁၃ ရက်အထိ နံနက် ၁၀ နာရီမှ ၁၂ နာရီထိ ငါးရက်တိုင် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မျိုးမင်း

No comments