ရေနံချောင်းမြို့နယ်၌ နွေရာသီ အင်္ဂလိပ်စာနှင့် ပန်းချီသင်တန်း(အခမဲ့)ဖွင့်



ရေနံချောင်း မတ် ၁၀


မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ကျောင်းသား ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက် များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန် ရည်ရွယ်၍ နွေရာသီ အင်္ဂလိပ်စာနှင့် ပန်းချီသင်တန်း များကို မတ် ၃ ရက်နေ့မှစတင်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန၌ အခမဲ့ဖွင့်လှစ်ပို့ချလျှက်ရှိသည်။


နွေရာသီအင်္ဂလိပ်စာသင်တန်းတွင် အင်္ဂလိပ်စာအခြေခံမှစ၍ အလွယ်တကူ သင်ယူတတ်မြောက်စေရန် Grammar Speaking Listening Reading Writing ဘာသာရပ်များကိုလည်းကောင်း၊ ပန်းချီသင်တန်းတွင် အခြေခံမျဉ်းရေးဆွဲနည်း၊ ကာလာအရောင်ဆက်စပ်မှု၊ လူပုံရေးဆွဲနည်း၊ ရှုခင်းပုံရေးဆွဲနည်း စသည့် ပန်းချီရေးဆွဲနည်းဆိုင်ရာ ဘာသာရပ်များကိုလည်းကောင်း သင်တန်းဆရာ များက အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ်မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ သင်ကြားပို့ချ သွားမည်ဖြစ်သည်။


အဆိုပါ သင်တန်းများကို မတ် ၃ ရက်နေ့မှ ၂၀ ရက်နေ့အထိ အခမဲ့ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိပြီး သင်တန်းတွင် မူလတန်း၊ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ ၄၅ ဦး တက်ရောက်လျက်ရှိ ကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)

No comments

Powered by Blogger.