တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း၌ အဆောက်အအုံပြိုကျမှုကြောင့် ခုနစ်ဦးသေဆုံး
မတ် ၃၀
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း Heilongjiang ပြည်နယ်တွင် အဆောက်အအုံတစ်စိတ်တစ်ပိုင်း ပြိုကျမှုကြောင့် လူခုနစ်ဦး သေဆုံးကြောင်း အာဏာပိုင်များက ယနေ့တွင်ပြောကြားသည်။
အဆိုပါမတော်တဆမှုသည် Hailin မြို့တွင် မတ်လ ၂၉ ရက်နေ့ညသန်းခေါင်ယံကျော်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပိတ်မိနေခဲ့သူကိုးဦးအနက် နှစ်ဦးကို ဆေးရုံသို့ပို့ဆောင်ခဲ့ရာ စိုးရိမ်ဖွယ်ရာ မရှိကြောင်းနှင့် ခုနစ်ဦးသေဆုံးသွားကြောင်း အတည်ပြုထားသည်။
ကယ်ဆယ်ရေးလုပ်ငန်းများသည် ယနေ့ မနက် ၁၁ နာရီ ၂၇ မိနစ်တွင် ပြီးဆုံးသွားပြီဖြစ်ကြောင်းနှင့် မတော်တဆမှုဖြစ်ပွားသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments