ဗီယက်နမ်နိုင်ငံ၏စားသုံးသူဈေးနှုန်းညွှန်းကိန်း ယခုနှစ်ပထမနှစ်လအတွင်း ၂ ဒသမ ၉၄ ရာခိုင်နှုန်းမြင့်တက်လာ
မတ် ၆
၂၀၂၆ ခုနှစ် ပထမနှစ်လအတွင်း ဗီယက်နမ်၏ စားသုံးသူဈေးနှုန်းညွှန်းကိန်း (CPI) သည် ယခင်နှစ်ကထက် ၂ ဒသမ ၉၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း အမျိုးသားစာရင်းအင်းရုံးမှ ယနေ့တွင် ထုတ်ပြန်ခဲ့သော အချက်အလက်များအရ သိရသည်။
အဆိုပါညွှန်းကိန်းသည် ဖေဖော်ဝါရီလမှာပင် ဇန်နဝါရီလထက် ၁ ဒသမ ၁၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှင့် နှိုင်းယှဉ်ပါက ၁ ဒသမ ၁၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထိုအစီရင်ခံစာအရ အဓိကငွေကြေးဖောင်းပွမှုသည် ယခင်နှစ်ကထက် ၃ ဒသမ ၄၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments