ဆူဒန်နိုင်ငံ၌ ဆေးရုံတိုက်ခိုက်ခံရ၊ သေဆုံးသူ ၆၀ ကျော်ရှိ
ခါတွန်
မတ် ၂၃
ဆူဒန်နိုင်ငံ အနောက်တောင်ပိုင်းရှိ ဆေးရုံတစ်ရုံပစ်ခတ်တိုက်ခိုက်ခံရမှုမှ သေဆုံးသူပေါင်း
၆၀ ကျော်လွန်လာပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောသည်။
သေဆုံးသူများထဲတွင် ကလေးငယ် ၁၃ ဦး၊ သူနာပြု နှစ်ဦး၊
ဆရာဝန်တစ်ဦးနှင့် လူနာအများ အပြား ပါဝင်သည်ဟု
ဆိုသည်။ ဆူဒန်နိုင်ငံ၌ လက်နက်ကိုင်အဖွဲ့
နှစ်ခုအကြား ပဋိပက္ခဖြစ်ပွားမှု များမှာ ၂၀၂၃ ခုနှစ်နောက်ပိုင်း ပြင်းထန်လျက်ရှိသည်။
မတ် ၂၀ ရက် ညပိုင်းက ဆေးရုံကို ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် လက်ရှိတွင်
ဆေးရုံလည်ပတ် နိုင်ခြင်းမရှိတော့ကြောင်း၊
ကလေးအထူးကုဌာန၊ မီးဖွားဌာနနှင့် အရေးပေါ်ဌာနတို့ ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း WHO ညွှန်ကြားရေးမှူးချုပ်
တက်ဒရို့စ်အက်ဟာနွန် ဂါဘရီယက်ဆုက လူမှု ကွန်ရက်တွင် ရေးသားဖော်ပြထားသည်။
ဆူဒန်နိုင်ငံ၌ လွန်ခဲ့သည့်သုံးနှစ်က လက်နက်ကိုင်နှစ်ဖွဲ့အကြား
ပဋိပက္ခစတင်ဖြစ်ပွားချိန်မှ စတင် ကာ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများကို အကြိမ် ၂၀၀ ကျော် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့
ပြီး လူပေါင်း ၂၀၀၀ ကျော် သေဆုံးမှုဖြစ်ပွားကြောင်း
WHO အကြီးအကဲက ပြောသည်။
ထို့အပြင် ဆူဒန်နိုင်ငံ၌
ပဋိပက္ခဖြစ်ပွားမှုများကို လျှော့ချပြီး အရပ်သားများ၊ ကျန်းမာရေးလုပ်သား များနှင့်
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးလုပ်သားများအပေါ် အကာ အကွယ်ပေးရန် အချိန်တန်ပြီဖြစ်ကြောင်း
၎င်းက ဆက်လက်ပြောကြားသည်။
အင်န်အိတ်ချ်ကေ

No comments