ပြင်ဦးလွင်မြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
ပြင်ဦးလွင် မတ် ၂၄
မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့နယ်တွင် ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ ညနေပိုင်းက ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၁)၊ မန္တလေး-လားရှိုးလမ်း၊ DK Delivery Service Center ၌ ကျင်းပသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အမှတ်(၉၄) ယာဉ်ထိန်းရဲတပ်ဖွဲ့စု မှ ရဲတပ်ကြပ်ကြီး အေးစိုး (ဇင်ယော်)က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အကြောင်းအရာများနှင့် ဆောင်ရန်၊ ရှောင်ရန်များ၊ “ချစ်တတ်သူတွေ အသက်ရှည်ပါစေ” ခေါင်းစဉ် ဖြင့် ဟောပြောခဲ့ပြီး ယာဉ်အန္တရာယ် အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ ပြင်ဦးလွင်မြို့ DK Delivery Service မှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments