ကလောမြို့၌ တစ်ခါသုံး ပလတ်စတစ်ပစ္စည်းများ သုံးစွဲမှုလျှော့ချရေး အသိပညာပေး

 



ကလော   မတ်   ၂၄


ရှမ်းပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ကလောမြို့နယ်စည်ပင်သာယာရေးဌာနတို့ ပူးပေါင်း၍ မတ် ၂၃  ရက် နံနက်ပိုင်းက  ကလောမြို့ ကလောချောင်းအတွင်း အမှိုက် စွန့်ပစ်ခြင်းများ တားဆီးကာကွယ်ရန် ရည်ရွယ်ချက်ဖြင့် တစ်ခါသုံး ပလတ်စတစ်ပစ္စည်းများ သုံးစွဲမှု လျှော့ချရေး အသိပညာပေး ဟောပြောပွဲကို ကလောမြို့ မြို့နယ်ခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် ရှမ်းပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးလမင်းသန်းက  တစ်ခါသုံး ပလတ်စတစ်အပါအဝင် ပလတ်စတစ်နှင့် စွန့်ပစ်ပစ္စည်းများ စည်းကမ်းမဲ့ စွန့်ပစ်ခြင်းမရှိစေရေး၊ စနစ်တကျ ခွဲခြားစွန့်ပစ်ရေးနှင့် တစ်ခါသုံး ပလတ်စတစ်ပစ္စည်းများ သုံးစွဲမှုလျှော့ချရေး ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီး လက်ကမ်း စာစောင်များနှင့် Recycle Bag များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။


စိုးလင်း(တောင်ကြီး)

No comments

Powered by Blogger.