ကြည့်မြင်တိုင်မြို့နယ်၌ ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ်အကြောင်း ဟောပြော
ရန်ကုန် မတ် ၂၄
မိုဘိုင်းလက်ကိုင်ဖုန်းများ တရားမဝင်တင်သွင်းမှုမှ တားဆီး ကာကွယ်ရေးအတွက် ဗဟိုမိုဘိုင်း စက်ပစ္စည်း သက်သေခံမှတ်ပုံတင် စနစ် (CEIR) စတင်အသုံးပြုခြင်းနှင့် အခွန်ပညာပေးရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းက ကြည့်မြင်တိုင်မြို့နယ် အခွန်ဦးစီးရုံး၌ ပြုလုပ်သည်။
ဦးစွာ မြို့နယ်အခွန်ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ချိုသန္တာသိန်း က သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးပညာအသုံးချ၍ မိုဘိုင်း လက်ကိုင်ဖုန်းများ၏ မူရင်းအမှတ်အသား စစ်မှန်မှု ရှိ၊ မရှိ စစ်ဆေးခြင်း၊ အခွန်အကောက်ဆိုင်ရာ ကိစ္စရပ်များ၊ အခွန်ပေးဆောင်မှုဆိုင်ရာ ကိစ္စရပ်များကို အွန်လိုင်းစနစ်ဖြင့် အလွယ်တကူ ဆောင်ရွက်နိုင်ခြင်းနှင့် မိုဘိုင်းလက်ကိုင်ဖုန်း သုံးစွဲသူပြည်သူများအနေဖြင့် ၎င်းတို့၏ မိုဘိုင်းလက်ကိုင်ဖုန်းများကို စိတ်ချယုံကြည်စွာ အသုံးပြုနိုင်ခြင်းတို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ကြည့်မြင်တိုင်(ပြန်/ဆက်)

No comments