ရန်ကင်းမြို့နယ်၌ မီးဘေးအန္တရာယ်အသိပညာပေး ဟောပြော

 



ရန်ကုန် မတ် ၂၄


ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် အမှတ်(၂)ရပ်ကွက် ဆရာစံလမ်းရှိ မြန်မာလေညှင်း (Cosmetic) ကုမ္ပဏီ၌ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့်​ မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့မွန်းလွဲပိုင်းက ဆောင်ရွက်သည်။


ထိုသို့ ဆောင်ရွက်ရာတွင် ရန်ကင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးဝေဖြိုးနိုင် ဦးဆောင်၍ မြန်မာလေညှင်း (Cosmetic) ကုမ္ပဏီဝန်ထမ်းများအား မီးလောင်မှုဖြစ်ပေါ်စေသည့် အကြောင်းရင်းများ၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက စနစ်တကျ မီးငြှိမ်းသတ်ရမည့်နည်းလမ်းများ၊ မီးဘေးအန္တရာယ် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။


လှလှထွေး(ပြန်/ဆက်)

No comments

Powered by Blogger.