ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်အသင်း၏ မိတ်ဖက်အဖွဲ့အစည်းများနှင့် နားလည်မှုစာချွန်လွှာ ရေးထိုးခြင်းနှင့် နွေရာသီအခမဲ့သင်တန်းများဆင်းပွဲ ကျင်းပ
ရန်ကုန် မတ် ၂၄
ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်အသင်း၏ မိတ်ဖက်အဖွဲ့အစည်းများနှင့် နားလည်မှု စာချွန်လွှာ (MoU)ရေးထိုးခြင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်အသင်းက ကြီးမှူးဖွင့်လှစ်သော နွေရာသီအခမဲ့သင်တန်းများဖြစ်သည့်Junoir Creative Coding For Kids (Batch 1, Batch 2)၊ Al And Media Literacy For Kids (Batch 1, Batch 2)တို့၏ သင်တန်းဆင်းပွဲများကို ယနေ့နံနက် ပိုင်းတွင် MICT Park Main Building, Conference Hall ၌ ကျင်းပသည်။
ဦးစွာ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်ဒုတိယ ဥက္ကဋ္ဌ ဦးဇော်မင်းဦးက မုဒိတာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်အသင်း ဥက္ကဋ္ဌ ဦးဌေးလင်းက နွေရာသီအခမဲ့သင်တန်း သင်တန်းဆင်း အမှာစကားပြေကြားကာ ပံ့ပိုးကူညီသူများ၊ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် Moon ကိုယ်ပိုင်ကျောင်း၊ “EDU Spectrum International School၊ EDU Spectrum Private School” ပညာနန်းတော်ကိုယ်ပိုင်ကျောင်း၊ အောင်ကောင်းစံ ကိုယ်ပိုင်ကျောင်း၊ Majestic(MA) Private High School၊ Majestic Dynasty Private Middle School၊ Thiha ကိုယ်ပိုင်ကျောင်း၊ MOE ကိုယ်ပိုင်ကျောင်း၊ တိုးတက်အောင် ကိုယ်ပိုင်ကျောင်း၊ ဒဂုံကိုယ်ပိုင်ကျောင်း၊ ပညာရွှေပြည်ကိုယ်ပိုင်ကျောင်း၊ မြန်မာ့ပညာရေး အောင်မြေကိုယ်ပိုင်ကျောင်းတို့နှင့် နားလည်မှုစာချွန်လွှာ ရေးထိုးကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာ ဝါသနာရှင်အသင်းဝင်များကိုယ်စား အသင်းသား တစ်ဦးက အသင်းဝင်ကတ်ပြားပေးအပ်ခြင်း၊ နွေရာသီ အခမဲ့သင်တန်းများဖြစ်သည့် Junior Creative Coding For Kids (Batch 1,Batch 2) သင်တန်းသား သင်တန်းသူများအား သင်တန်းဆင်းလက်မှတ် ပေးအပ်ခြင်း၊ နွေရာသီအခမဲ့သင်တန်းများဖြစ်သည့် Al And Media Literacy For Kids (Batch 1, Batch 2) သင်တန်းသား သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ကျော်မိုး

No comments