သန်လျင်မြို့နယ်၌ (၃၈)ဖြာမင်္ဂလာနှင့် ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်

 



ရန်ကုန် မတ် ၂၄

 

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရဲတပ်ဖွဲ့တွင် (၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲ အခမ်းအနားကို မတ် ၂၂ ရက် နံနက်ပိုင်းက သန်လျင်မြို့နယ် တပ်ဖွဲ့ဝင်းအတွင်းရှိ  မြို့နယ် ရဲတပ်ဖွဲ့ဓမ္မာရုံ၌ ကျင်းပသည်။

 

ဦးစွာ သန်လျင်မြို့နယ်ရဲတပ်ဖွဲ့ ခေတ္တရဲတပ်ဖွဲ့မှူး ရဲမှူးဇော်လင်းက အမှာစကားပြောကြားပြီး သန်လျင်မြို့နယ် YMBA အသင်းဥက္ကဋ္ဌ ဦးကျော်ဇင်လတ်က (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ယဉ်ကျေးလိမ္မာ သင်တန်းများ ဖွင့်လှစ်ပေးရခြင်းကို ရှင်းလင်းပြောကြားသည်။

 

ဖွင့်ပွဲအခမ်းအနားသို့ သန်လျင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်ဌေး၊ သန်လျင်မြို့နယ်ရဲတပ်ဖွဲ့ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်လင်း၊ သန်လျင်မြို့မစခန်းမှူး ဒုတိယရဲမှူး ကြည်စိုးသန့်၊ သန်လျင် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ ဘဏ္ဍာရေးမှူး ဦးပြုံးချို၊ သန်လျင်ခရိုင် YMBA အသင်းဥက္ကဋ္ဌ ဦးစိုးကြည်၊ သန်လျင် မြို့နယ် YMBA အသင်းဥက္ကဋ္ဌ ဦးကျော်ဇင်လတ်နှင့် သင်တန်းနည်းပြ ဓမ္မစကူး ဆရာမများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ ရပ်ဖများ၊ သန်တန်းသား သန်တန်းသူများ တက်ရောက်ကြသည်။

 

အဆိုပါ သင်တန်းကို သန်လျင်မြို့နယ် ဓမ္မစကူးသင်တန်း ဆရာမ ဒေါ်အေးအေးကြွယ်နှင့် ဆရာမများက သင်ကြားပို့ချပေးမည်ဖြစ်ပြီး သန်လျင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်သားသမီး ၃၀ နှင့် အုပ်ထိန်းသူမိဘများ အပါအဝင် စုစုပေါင်း ၉၀ တို့အား မတ် ၂၂ ရက်မှ ဧပြီ ၅ ရက်အထိ (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ယဉ်ကျေးလိမ္မာသင်ခန်းစာများကို စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျော်ဆန်းမြင့်

No comments

Powered by Blogger.