(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ရှမ်းပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) အသင်းအဖွဲ့သားများ စုပေါင်းသွေးလှူဒါန်း
နေပြည်တော် မတ် ၂၄
(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ရှမ်းပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) အသင်းအဖွဲ့သားများ၏ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ အမျိုးသမီးနှင့် ကလေးအထူးကု ဆေးရုံကြီး၌ ကျင်းပရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ အမျိုး သမီးနှင့် ကလေးအထူးကုဆေးရုံ မှ ဆေးရုံအုပ်ကြီးနှင့် ဆရာဝန်၊ သူနာပြုများ၊ ရှမ်းပြည်နယ် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA)အသင်းမှ တာဝန်ရှိသူများနှင့် သွေးအလှူရှင်များ တက်ရောက်ကြသည်။
ပေးအပ်လှူဒါန်း
ဦးစွာ သွေးအလှူရှင်များအား လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် သွေးအုပ်စု ခွဲခြားခြင်းများ ဆောင်ရွက်ပေးသည်။ ထို့နောက် သွေးအလှူရှင်များက သတ်မှတ်နေရာအသီးသီး၌ စုပေါင်းသွေး လှူဒါန်းကြသည်။ ထိုသို့ သွေးလှူဒါန်းနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှု အားပေးပြီး သွေးအလှူရှင်များက လှူဒါန်းသည့် သွေးရည်ထုပ်များ၊ ချီးမြှင့်ငွေများနှင့် အာဟာရဖြည့် စားသောက် ဖွယ်ရာများကို ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်သည်။
အဆိုပါ သွေးလှူဒါန်းပွဲ၌ သွေးလှူရှင် စုစုပေါင်း ၁၃၆ ဦး တို့က စုပေါင်းသွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
%20photos-3.jpg)
No comments