မရမ်းကုန်းမြို့နယ်၌ သက်ကြီးရွယ်အိုများ ပြုစုစောင့်ရှောက်ရေး သင်တန်းဆင်းပွဲကျင်းပ

 



ရန်ကုန် မတ် ၂၄


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနနှင့် Excellent Myanmar Advisory Group (Alpha) Company Limited တို့ ပူးပေါင်း၍ အနာဂတ်လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍအတွက် ရည်ရွယ်ဦးတည်ဖွင့်လှစ်သည့် “သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးသင်တန်း” သင်တန်းဆင်းပွဲ အခမ်းအနားကို မရမ်းကုန်းမြို့နယ် လူမှုဝန်ထမ်းအတတ်သင် သိပ္ပံကျောင်း ၌  ယနေ့နံနက်ပိုင်းက ကျင်းပသည်။


ပေးအပ်


အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက အမှာစကားပြောကြားပြီး သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များ ပေးအပ်သည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်စွဲ့ခင်မာဝင်းနှင့် E.M.A.G (Alpha) Co.,Ltd. မှ ဦးလင်းအောင်(သင်တန်းကျောင်းအုပ်)တို့က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.