လုပ်ငန်းခွင်ထိခိုက်မှုကြောင့် လူမှုဖူလုံရေးအကျိုးခံစားခွင့် ငွေကျပ် ၆၉ သိန်းပေးအပ်



မင်္ဂလာဒုံ  မတ် ၂၅


ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် Mother Industry Co.,Ltd မှ အာမခံအလုပ်သမား ဦးထွန်းသိန်းစိုး၏ လုပ်ငန်းခွင် ထိခိုက်သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် (ငွေလုံးငွေရင်း)ထုတ်ပေးခြင်း အခမ်းအနားကို  မတ် ၂၄ ရက်က  ရန်ကုန်တိုင်း ဒေသကြီး လူမှုဖူလုံရေးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနွဲ့ဦးက အဖွင့်အမှာ စကားပြောကြားပြီး ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များအကြောင်းကို ရှင်းလင်း ပြောကြားသည်။


ဆက်လက်၍ လုပ်ငန်းခွင်ထိခိုက်သေဆုံးခြင်းအတွက် အာမခံအလုပ်သမား ဦးထွန်းသိန်းစိုး၏ ဇနီး ဖြစ်သူ  ဒေါ်ဝင်းဝင်းခိုင် အား အကျိုးခံစားခွင့် ငွေကျပ် ၆,၉၀၀,၀၀၀/- (ကျပ်ခြောက်ဆယ့်ကိုးသိန်းတိတိ)ကို အလုပ်ဌာနတာဝန်ရှိသူများ၊ အလုပ်သမားရေးရာညှိနှိုင်းရေးကော်မတီ (WCC)အဖွဲ့ဝင်များ၊ မိသားစုဝင် များ ရှေ့မှောက်တွင် ခွင့်ပြုထုတ်ပေးခဲ့ကြောင်း သိရသည်။

မင်းသိန်းထွန်း

No comments

Powered by Blogger.