ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်းတွင် မိုးရွာသွန်းမှုနှင့်ဆက်စပ်သောဖြစ်ရပ်များကြောင့် ၁၁ ဦး သေဆုံး
မတ် ၃၁
ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်း ခိုင်ဘာပက်တွန်ခွာပြည်နယ်တွင် မိုးရွာသွန်းမှုနှင့်ဆက်စပ်သော ဖြစ်ရပ်များကြောင့် လူ ၁၁ ဦး ထက်မနည်းသေဆုံးပြီး ၄၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့က ပြောကြားခဲ့သည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမိုးပြိုကျပြီး နေအိမ်အများအပြား ပျက်စီးမှုများ ဖြစ်ပွားခဲ့ရာ ဘန်နူး၊ မြောက်ဝါဇီရစ္စတန်နှင့် ကိုဟတ်ခရိုင်များတွင် ထိခိုက်ဒဏ်ရာများ ရရှိကြောင်း ဖော်ပြထားသည်။
ပါကစ္စတန် မိုးလေဝသဌာန၏ပြောကြားချက်အရ ယနေ့အထိ ထိုပြည်နယ်၏ ခရိုင်အသီးသီးတွင် မိုးရွာသွန်းမှုများ ဆက်လက်ဖြစ်ပွားနေဖွယ်ရှိသည်ဟု သိရသည်။
အာဏာပိုင်များက နိုင်ငံသားများအနေဖြင့် မလိုအပ်ဘဲ ခရီးသွားလာခြင်းကို ရှောင်ကြဉ်ရန်နှင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန် တိုက်တွန်းထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments