ငဖဲမြို့တွင် ပန်ဖူးစားပြောင်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိ



ငဖဲ မတ် ၃၁


မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ နွေသီးနှံများစိုက်ပျိုးရာသီတွင် မြေအောက်ရေနှင့် မန်းချောင်း ဆည်ရေတို့ကိုအသုံးပြု၍ နွေစပါးများနှင့်အတူ ပန်ဖူးစားပြောင်းများစိုက်ပျိုးကြပြီး ပြောင်းခင်းများ အောင်မြင်ဖြစ်ထွန်းကာ နေ့စဉ်ရောင်းချနေရကြောင်း ပြောင်းစိုက်တောင်သူများထံမှ သိရသည်။


ပြောင်းမျိုးအနေဖြင့် ဖန်စီဘက်ပြောင်းမျိုးကို ရွေးချယ်စိုက်ပျိုးကြပြီး ပြောင်းဖူးစေ့ ၅၀၀ ဂရမ်တစ်ထုပ်ကို ငွေကျပ် ၅၀၀၀၀ ခန့်ပေးရကြောင်း၊ အစေ့ချစနစ်ဖြင့် တန်ကြား ၂ ပေ၊ ပင်ကြား ၁ ပေအကွာခြားပြီး စိုက်ပျိုးကြောင်း၊ အပင်ရက်သား ၂၀ မှာ ဘောင်ဖော်ခြင်း၊ ရေသွင်းခြင်း၊ အပင်သန်ဆေးနဲ့ မြေဩဇာကျွေး ဆေးဖြန်းခြင်းများ ဆောင်ရွက်ပေးရကြောင်း၊ ဇန်နဝါရီလတွင် စတင်စိုက်ပျိုးပြီး ဧပြီလဆန်းပိုင်းတွင် ခူးချိုးရကြောင်း ပြောင်းစိုက်တောင်သူ ဦးသောင်းမြင့်က ပြောသည်။


ငဖဲမြို့နယ်တွင် ပန်ဖူးစားပြောင်းများကို မြို့မရပ်ကွက်၊ ချင်းစုရပ်ကွက်၊ အိုးမြေတွင်းကျေးရွာနှင့် ပန်းထိမ်းကျေးရွာများတွင် ရာသီမရွေး စိုက်ပျိုးကြကြောင်း သိရသည်။

မယု(ငဖဲ)

No comments

Powered by Blogger.