ရေနံချောင်းမြို့နယ်၌ လျှပ်စစ်ဝါယာရှော့ကြောင့် မီးလောင်မှုမဖြစ်ပွားစေရေး အသိပညာပေး



ရေနံချောင်း မတ်


လျှပ်စစ်ဝါယာရှော့ကြောင့် မီးလောင်မှုမဖြစ်ပွားစေရေး အသိပညာပေးခြင်းကို မတ် ၃၀ ရက်က မကွေးတိုင်း ဒေသကြီး ရေနံချောင်းမြို့နယ် လျှပ်စစ်အင်ဂျင်နီယာနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ ဝန်ထမ်းအိမ်ရာများ၊ မြို့မဈေးကြီးနှင့် မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ညွန့်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဇော်ဇော်အောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် သက်ဆိုင်ရာဌာနတာဝန်ရှိသူများက လျှပ်စစ် ဝါယာရှော့မှတစ်ဆင့် မီးလောင်မှုမဖြစ်ပွာစေရေး လျှပ်စစ်ဝါယာကြိုးများကို စနစ်တကျ သွယ်တန်းထားရှိရန်၊ ဟောင်းနွမ်းဆွေးမြေ့သည့် လျှပ်စစ်ဝါယာကြိုးများကို အသုံးမပြုရန်၊ ပလပ်ပေါက်များတွင် မီးသုံးစွဲပြီးပါက ပလပ်ပင်ခေါင်းများကို ဖြုတ်ထားရန်၊ လျှပ်စစ်မီးဖြင့် အိမ်သုံးပစ္စည်းများသုံးစွဲရာတွင် တစ်ပြိုင်တည်း သုံးစွဲခြင်း မပြုရန်၊ မလိုအပ်ပါက လျှပ်စစ်မီးများကိုပိတ်ထားရန်၊ အပြင်ထွက်ပါက လျှပ်စစ်မိန်းခလုတ်များ ပိတ်ထားရန် စသည့် ဆောင်ရန် ရှောင်ရန်အချက်များကို မီးသုံးစွဲသူပြည်သူများအား အသိပညာပေး ဆွေးနွေးခဲ့ကြသည်။


ထို့နောက် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် ဝန်ထမ်းများက လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး လက်ကမ်းစာစောင် များဖြန့်ဝေခြင်းနှင့် သတိပေးစတစ်ကာကပ်ခြင်းများကို အစိုးရရုံးဌာနများ၊ ဝန်ထမ်းအိမ်ရာများ၊ ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်များ၊ မြို့မဈေးကြီးနှင့် မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုစိုးကြီး

No comments

Powered by Blogger.