အရန်သိုလှောင်ထားသော ရေနံများ ဈေးကွက်ထဲရောင်းချပေးနိုင်ရေး ဂျီ - ၇ နိုင်ငံများ ဆွေးနွေးမည်



နယူးယောက်  မတ် 

ဂျီ - ၇ နိုင်ငံများသည် အရှေ့အလယ်ပိုင်းတွင် ပဋိပက္ခဖြစ်ပွားမှုများကြောင့် မြင့်တက်လာသော   ရေနံ ဈေးနှုန်းများကို တုံ့ပြန်သည့်အနေဖြင့်  အရန်သိုလှောင်ထားသော   ရေနံများကို    ဈေးကွက်ထဲ တစ်ပြိုင်နက်ရောင်းချပေးနိုင်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေးရန်  အရေးပေါ်အစည်းအဝေးတစ်ရပ် ပြုလုပ်သွားဖွယ်ရှိကြောင်း  The Financial Times သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

ဂျီ - ၇  ဘဏ္ဍာရေးဝန်ကြီးများနှင့် နိုင်ငံတကာ စွမ်းအင်အေဂျင်စီ အမှုဆောင်ဒါရိုက်တာ ဖာတီဘီ ရိုလ်တို့သည် ရေနံဈေးနှုန်းများ  အဆမတန်မြင့်တက်လာမှုများကို ကိုင်တွယ်ဖြေရှင်း ဆောင်ရွက် ရန် ရည်ရွယ်၍ အစည်းအဝေးတစ်ရပ် ကျင်းပသွားမည်ဖြစ်ကြောင်း အဆိုပါ ဗြိတိန်အခြေစိုက်သတင်းစာ တွင် ဖော်ပြထားသည်။

အဆိုပါ  အရန်စက်သုံးဆီ   သိုလှောင်လာသော ရေနံများကို  နိုင်ငံတကာစွမ်းအင်အေဂျင်စီက  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြောင်းနှင့် နိုင်ငံတကာ စွမ်းအင်အေဂျင်စီအဖွဲ့ဝင်နိုင်ငံများသည် သိုလှောင်ထားသော     အရန်ရေနံများကို   ဈေးကွက်ထဲ ထုတ်ရောင်းခဲ့ပြီး    ၂၀၂၂  ခုနှစ်တွင်ဖြစ်ပွား သော ပဋိပက္ခများကြောင့်   အဆမတန်မြင့်တက်လာသည့် ရေနံဈေးနှုန်းများကို  ပြန်လည်တည်ငြိမ် အောင်    ထိန်းသိမ်းဆောင်ရွက်ခဲ့ရသည်။              

အင်န်အိတ်ချ်ကေ

No comments

Powered by Blogger.