အင်ဒီးယန်းဝဲလ်စ်အိုးပင်း ၁၆ ဦးအဆင့်သို့ ဖိလစ်ပိုင်တင်းနစ်မယ် အဲလာ ပထမဆုံးအကြိမ် တက်ရောက်
အင်ဒီးယန်းဝဲလ်စ် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ၃၂ ဦးအဆင့်တွင်
ကမ္ဘာ့အဆင့် (၄) ရှိ အမေရိကန် တင်းနစ်မယ် ကိုကိုဂါ့ဖ်သည် ဒဏ်ရာကြောင့် ဆက်လက်ယှဉ်ပြိုင်ကစားနိုင်ခြင်းမရှိတော့သည့် အတွက်
ဖိလစ်ပိုင်တင်းနစ်မယ် အဲလက်ဇန္ဒရာ၊ အဲလာသည် ပထမဆုံးအကြိမ် ၁၆ ဦးအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
ကိုကိုဂါ့ဖ်နှင့် အဲလာတို့သည်
ယခုပြိုင်ပွဲမတိုင်မီ ယှဉ်ပြိုင်ကစားခဲ့သည့်
ဒူဘိုင်းတင်းနစ်ချန်ပီယံ ရှစ်ပြိုင်ပွဲ
ကွာတားဖိုင်နယ်တွင် နောက်ဆုံးတွေ့ဆုံထားပြီး နာမည်ကြီး ကိုကိုဂါ့ဖ်က
၆-၀၊ ၆-၂ ရလဒ်ဖြင့်
နိုင်ပွဲရရှိကာ နောက် တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့ သည်။
ကိုကိုဂါ့ဖ်သည် အင်ဒီးယန်း
ဝဲလ်စ်ပြိုင်ပွဲ ၆၄ ဦးအဆင့်တွင် ဥဇဘက်ကစ္စတန် တင်းနစ်မယ် ကာမီလာရာခီမိုဗာနှင့် တွေ့ဆုံခဲ့
ရာ ၆-၃၊ ၇-၆ (၇-၅) ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ၃၂ ဦးအဆင့်သို့
တက်လှမ်းလာသူဖြစ်သည်။ သို့သော်လည်း ကိုကိုဂါ့ဖ်သည် ၃၂ ဦးအဆင့်တွင် ဒဏ်ရာကြောင့် ဆက်လက်ယှဉ်ပြိုင်ကစားနိုင်ခြင်းမရှိတော့သည့်အတွက်
၆-၂ ၊ ၂-၀ ရလဒ်ဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်းဖြစ်သည်။
အဲလာသည် အင်ဒီးယန်းဝဲလ်စ်အိုးပင်းပြိုင်ပွဲ
၁၆ ဦးအဆင့်တွင် ချက်ဇ်တင်းနစ်မယ် လင်ဒါနော် စကိုဗာနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ နော်စကိုဗာသည်
၆၄ ဦးနှင့် ၃၂ ဦးအဆင့်တွင် နာမည်ကြီး တင်းနစ်မယ်များဖြစ်သည့် မာနဲရိုးနှင့် ဆိုရာနာတို့ကို ကျော်ဖြတ်ကာ ၁၆ ဦးအဆင့် တက်လှမ်း
လာသူဖြစ်သည်။
ဗြိတိန်နာမည်ကြီး အမ်မာရာဒူကာနူသည် ၃၂ ဦးအဆင့်တွင်
အမေရိကန်တင်းနစ်မယ် အနီဆီ မိုဗာကို ရှုံးနိမ့်ခဲ့သည့်အတွက် နောက်တစ်ဆင့်တက်လှမ်းခွင့်
လွဲချော်ခဲ့သည်။ အဲလာနှင့်အတူ အင်ဒီးယန်း ဝဲလ်စ်အိုးပင်း ၁၆ ဦးအဆင့်သို့ အခြားနာမည်ကြီး
တင်းနစ်မယ်များဖြစ်သည့် ဆာဘယ်လင်ကာ၊ အိုဆာကာ၊
ပါအိုလီနီ၊ အမ်ဘိုကိုတို့ တက်ရောက်နိုင်ခဲ့သည်။
အောင်ဇော်

No comments